မရမ်းကုန်း သြဂုတ် ၁၂
ပြည်သူများကျန်းမာရေးနှင့်ညီညွတ်သော အန္တရာယ်မရှိသည့် စာသုံးကုန်းများဝယ်ယူသုံးစွဲနိုင်ရေးအတွက် တာဝန်ရှိသူများကစနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် ကံ့ကော်လမ်းကြီး အမှတ်(၃)တွင် ဖွင့်လှစ်ထားသော ကုန်မျိုးစုံဆိုင်အား မြောက်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေး (YCDC)အဖွဲ့က ဦးဆောင်၍ သြဂုတ်လ၃ရက်နေ့တွင် ကျန်းမာရေးနှင့်ညီညွှတ်မှု ရှိ/မရှိ စစ်ဆေးရန်ယူဆောင်သွားသော ငရုတ်သီးမှုန့်များတွင် ဆိုးဆေးများရောနှောထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်အတွင်းရှိ ငရုတ်သီးမှုန့် (၄၇)အိတ်အား ယမန်နေ့မွန်းလွဲ (၂:၀၀) နာရီအချိန်က ရိုးကြီးချောင်းဘေး ကားကြီးပါကင်တွင် မြေကျင်းတူး၍ စနစ်တကျမြှုပ်နှံ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ စားသုံးကုန်စည်များ ကျန်းမာရေးနှင့်ညီညွတ်မှု ရှိ/မရှိ စစ်ဆေးရာတွင် မြောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး (YCDC)မှ ဒေါက်တာရွှေဘော်နှင့် အဖွဲ့၊ FDA မှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ ဖြိုးမာန်သက်ဉီးနှင့်အဖွဲ့၊ ပွဲရုံစျေးနှင့်ကုန်စည်ပွဲရုံဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် အဖွဲ့၊ မရမ်းကုန်း မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့မှ ပူပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)