ပုဏ္ဏားကျွန်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

တံတားဦးမြို့နယ်တွင် ကလေးငယ်မျးအား ဗီတာမင်အေဆေးနှင့် သန်ချဆေးများတိုက်ကျွေး

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ကလေးငယ်များအား  ပေါင်ချိန်ခြင်း၊ ဗီတာမင်ဆေးနှင့် သန်ချဆေးများတိုက်ကျွေးခြင်းတို့ကို ယနေ့နံနက်(၉)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးမာရေးဌာနအတွင်း၌ တိုက်ကျွေးကြောင်းသိရသည်။

ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ သွားတိုက်ဆေးရောင်းချနေသော ဆိုင်များ လိုက်လံစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်း က ဒိုက်ဦးမြို့ မြို့မစျေးအပြင်တန်းရှိ သွားတိုက်ဆေးရောင်းချနေသော ဆိုင်များရှိသွားတိုက်ဆေးများတွင် မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ် အသားဖော်ပြခြင်း ရှိမရှိစျေးကွက် စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ကျောင်းသူ/သားများဉာဏ်ရည်ဖွံ့ဖြိုးရေးပြိုင်ပွဲများ အပတ်စဉ်ပြုလုပ်

တနင်္သာရီတိုင်ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ/သားများအနေဖြင့် အဖိတ်/ဥပုဒ်ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ ပြည်သူ့စာကြည့်တိုက်သို့ ယုံကြည်အားကိုးလာရောက်ကာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများကို လေ့ကျင့်ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ပျော်ရွှင်ဖွယ်ကစားနည်းများ ပြုလုပ်ပေးခဲ့သည်။

ဒေးဒရဲမြို့နယ်ရှိ ကျေးရွာများသို့ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ တောင်သူများ၏ စိုက်ပျိုးသီးနှံ များ အထွက်နှုန်း တိုးတက်မြင့်မားရေး၊ တောင်သူများ၏ လိုအပ်ချက် အခက်အခဲများကို အမြန်ဆုံး ဖြည့်ဆည်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု‌​ကော်မတီက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျုံချင်ကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁နာရီ က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ မင်းပြားမြို့၌ စာပေစကားဝိုင်း ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်သင်တန်းကျောင်း၌ စာပေစကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က    ကျင်းပပြုလုပ်သည်။

ကရင်ပြည်နယ်၊ နည်းပညာတက္ကသိုလ်(ဘားအံ)တွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ နည်းပညာတက္ကသိုလ်(ဘားအံ)တွင် ယမန်နေ့နံနက်ပိုင်းက မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မီဒီယာနှင့်သတင်းအချက်အလက် ဆိုင်ရာသိနားလည်မှု အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်စလူမြို့၌ ကျေးရွာချင်းဆက် ကွန်ကရစ်တံတားဆောက်လုပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီအချိန်က အမှတ်(၁)ရပ်ကွက် ကျေးရွာချင်းဆက် ကွန်ကရစ် တံတားဆောက်လုပ်လျက် ရှိကြောင်း သိရသည်။

ရှင်ဗွေယန်မြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စက္ကူအရုပ် ခေါက်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to