မိုင်းဖြတ်၌ မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား အသက်(၁၆) နှစ်​အောက် အမျိုးသား​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

မိုင်းဖြတ်  သြဂုတ် ၂၁

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်​ရေးမှူးဖလားအသက်(၁၆) နှစ်​အောက် အမျိုးသား​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ည​နေ ၂နာရီခွဲက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ ​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အထက(မိုင်းဖြတ်)နှင့် အထက(ဟိုနား)အသင်းတို့ ယှဉ်ပြိုင်ကစားရာ အထက(ဟိုနား)အသင်းက အထက(မိုင်းဖြတ်) အသင်းကို ၃ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​အောင်နှင့် တာဝန်ရှိသူများက ပထမဆုရရှိသည့် အထက(ဟိုနား) အသင်းနှင့် ဒုတိဆုရရှိသည့် အထက(မိုင်းဖြတ်)အသင်းတို့ကို ဆုဖလားနှင့် ဂုဏ်ပြုဆု​ငွေများကို ​ပေးအပ်ချီးမြှင့်ခဲ့​ကြောင်း သိရသည်။

သန်းထွန်း​အေး