မင်းလှ ဩဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရဲတပ်ဖွဲ့က အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်း၊ အခြေခံပညာအထက်တန်းကျောင်း(မြို့ပြင်)၌ ကျောင်းသားကျောင်းသူများကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဒုတိယမြို့နယ် ပညာရေးမှူးဒေါ်ခင်သန္တာမိုးက အမှာစကားပြောကြား၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းပိုင်က လူကုန်ကူးခြင်း၏အဓိပ္ပယ်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက် ရှိသော လူကုန်ကူးမှုအမျိုးအစားများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မင်းနိုင်က လူကုန်ကူးခြင်းမခံရအောင် သတိပြုရမည့်အချက်များ၊ လူကုန်ကူးမှုကျူးလွန်ပါက ပြစ်ဒဏ်ကျခံရမည့် အချက်များစသည်တို့ကို (PowerPoint)ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲကို တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းထက်နှင့် ဆရာဆရာမများ၊ ကျောင်းသား/သူများ(၄၀၀)ဦးခန့် တတ်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)