အမ်းမြို့နယ်၌ ကိုဗစ် -၁၉ ရောဂါ အသိ ပညာပေး နှာခေါင်းစည်း(Mask) တပ်ဆင်ရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်

အမ်း  ဩဂုတ် ၂၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်နိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီက  လူစည်ကားရာလမ်း ဆုံလမ်းမများ၊ အမ္ဗနဒီစျေးနှင့် မြို့ဟောင်း ပျံကျစျေးတို့တွင် ဒေသခံပြည်သူ စျေးရောင်းစျေးဝယ်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံတွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.2.75 BA.4 BA.5 ကူးစက်မှုများ တွေ့ရှိနေရပြီးဖြစ်၍ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း(Mask) များ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် အသိပညာပေး ပြောကြားခဲ့ပြီး၊ နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေ ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်အတွက်  အသိပညာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်- ၁၉ရောဂါ  ထပ်ဆောင်းကာကွယ် ဆေးထိုးနှံနိုင်ရေး အသိပေးနှိုး ဆော်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရှိရသည်။

စိုးမင်းထွန်း