ကျောက်ဆည် ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာ ဓမ္မာရုံတွင် အခြေခံလျှပ်စစ် သံဂဟေဆက်နည်းသင်တန်း ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့နံနက်(၁၀)နာရီခွဲက သင်တန်းဆင်းပွဲကျင်းပ ပြုလုပ်ကြောင်း သိရှိရသည်။
သင်တန်းဆင်းပွဲတွင် ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျာဝင်းက သင်တန်းသားများအတွက် အလုပ်အကိုင်အ ဆင်ပြေစေပြီး မိသားစုတစ်နိုင် တစ်ပိုင် စီးပွားရေးလု်ပငန်းများ လုပ်ကိုင်ဆောင်ရွက်စေရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်ပေး နိုင်ရန် အခြေခံလျှပ်စစ်သံဂ ဟေဆက်နည်းပညာများ စနစ်တကျ သင်ကြားပေး ခဲ့ပြီးဖြစ်ကြောင်းနှင့် လိုအပ်သည့် နည်းပညာများရှိပါက ဆက်လက်ကူညီပေးသွားမည်ဖြစ်ကာ လုပ်ငန်းထူထောင်လိုသူများ အတွက် စက်ပစ္စည်းများကို ဆက်စပ်ဦးစီးဌာနများနှင့်ချိတ်ပေးပြီး လုပ်ငန်းမှတ်ပုံများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသား အောင်မျိုးဇော်အား သင်တန်းနည်းပြဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ၊ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်း သားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ အခြေခံလျှပ် စစ်သံဂဟေဆက်နည်း သင်တန်းကို ဇူလိုင်(၂၁)ရက်နေ့မှဩဂုတ်(၁၉)ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး ရွှေလေး၊ အင်တိုင်း၊ အရှေ့ငယ်တိုး ကျေးရွာများမှ သင်တန်းသား(၂၀)ဦးတက်ရောက်ခဲ့ကာ သံဂဟေဆက်နည်းအမျိုးမျိုးနှင့် တိုင်းထွာဖြတ်တောက် နည်းများစာတွေ့ လက်တွေ့စနစ်တကျ သင်ကြားပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)