ဒေးဒရဲ သြဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းက ကိုဗစ်-၁၉ ဖြစ်ပွားနေစဥ်ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ဧည့်မထဆန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၇)နာရီကစတင်၍ အမှတ်(၂)ရပ်ကွက်၊ ကမ်နားလမ်းရှိ မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများ အသင်း၌ ရောင်းချပေးလျက်ရှိသည်။
အဆိုပါဆန်များကို ဒေးဒရဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းက ပြည်သူများ အလွယ်တကူနှင့် စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး ဧည့်မထဆန် တစ်ပြည်(၁၅၀၀) နှုန်းဖြင့် နေ့စဉ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း