ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစိမံကိန်း (ဆီထွက်သီးနှံမိုးနေကြာ) စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်

ပွင့်ဖြူ       ဩဂုတ်    ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက် သီးနှံမိုးနေကြာ)စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဩဂုတ် ၂၀ ရက် ၊ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှ ဌေးမောင် က ဒေသခံကျေးလက်နေပြည်သူများ(ဆီထွက်သီးနှံ မိုးနေကြာ)စိုက်ပျိုး ရာတွင် အဆင်ပြေစွာ စိုက်ပျိုးသွားနိုင်ရေးအတွက် အတိုးနှုန်းသက်သာသောချေးငွေအား မတည်ထုတ်ချေးပေးနိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံမိုးနေကြာ) စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း ၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ကော်မတီဝင်များ ဖွဲ့စည်း ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ‌ရပ်ကျိုးရွာကျိုး ကြိုးပမ်းဆောင်ရွက်လုပ်ကိုင်နိုင် သောသူများကို ကော်မတီဝင်အဖြစ် ဆန္ဒပြုရွေးချယ်ပေးစေလိုကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ဆီထွက်သီးနှံ မိုးနေကြာ စိုက်ပျိုးရေးနှင့် စပ်လျဉ်းပြီး လိုက်နာရမည့် အခြေခံစိုက် ပျိုးရေးနည်းစနစ်များ ၊ သီးနှံပိုးမွှား ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ ၊ သီးနှံအထွက်နှုန်း လျော့နည်းမှု မဖြစ်စေရေး အချိန်မီ သီးနှံရိတ်သိမ်း ခြွေလှေ့နည်း စနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိ သူများက ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံမိုးနေကြာ) စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဒေသခံပြည်သူများ၏ အများသဘော ဆန္ဒဖြင့် ကျေးရွာစီမံကိန်း ကော်မတီဝင် (၇)ဦးအား အတည်ပြုရွေးချယ် ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )