စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးပြီး နေပီယာမြက် စိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း စိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က ရေသျှံကြီး ကျေးရွာအုပ်စု၊ ရေသျှံကြီးကျေးရွာရှိ စိုက်ပျိုးမွေးမြူကြသူတောင်သူများအား စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် တိရိစ္ဆာန်များအတွက် အကျိုးရှိစေသော တိရစ္ဆာန်အစာပင် နေပီယာမြက်များ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး စိုက်ပျိုးနည်း လက်တွေ့သရုပ်ပြသပေးခြင်းကို မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့က အဆိုပါ ရေသျှံကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။