ဘီးလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး

ဘီးလင်း သြဂုတ် ၂၂

ဘီးလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းမှစ၍ နေ့ချင်းပြီး ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း ပင်စင်ထုတ်ယူသူ ၁၉၈၄ ဦးရှိပြီး အဆိုပါအငြိမ်းစားဝန်ထမ်း ပင်စင်စားများကို ယနေ့မှ ၃၀ ရက် နေ့ အထိထုတ်ပေးသွားမည် ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများကို စက်တင်ဘာလအတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထူးနောင်