အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေပိုမိုဖတ်ရှုနိုင်စေရန် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် လက်ဝယ်အရောက် စာအုပ်များ ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

ထားဝယ်မြို့တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဖျာပုံမြို့၌ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး အချွန်ဆန်တစ်ပြည်လျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေး

ဖျာပုံမြို့၌ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး အချွန်ဆန်တစ်ပြည်လျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေး ဖျာပုံ ဩဂုတ် ၂၂ အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)

လားရှိုးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီမှ ကြီးမှူးကျင်းပသော “၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု” ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းကျန်းမာရေး ထူးချွန်ဆုရကျောင်းများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့၊ နံနက်(၉)နာရီ အချိန်က လားရှိုးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

လှိုင်းဘွဲမြို့နယ်တွင် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်၊ စာစောင်များ လိုက်လည်ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နေ့လယ်ပိုင်းက အမှတ်(၁) မူလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက် ဆုဖလားများ ရရှိခဲ့သော အောင်ပွဲရ ကချင်ပြည်နယ်ဂျူဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် စုစုပေါင်း ရွှေတံဆိပ် (၁၁)ခု၊ ငွေတံဆိပ် (၇)ခုနှင့် ကြေးတံဆိပ် (၂)ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်း တံခွန်စိုက်ဆုဖလားများအပြင် အမျိုးသမီး/ အမျိုးသား အကောင်းဆုံးဆုများကိုပါ ရယူခဲ့ကြသောအောင်ပွဲရ ကချင်ပြည်နယ်ဂျူဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်အတွင်း ပြည်သူလူထုနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

မဟာအောင်မြေမြို့နယ်၊ စစ်ကြောင်းကြီး(၅)ကြောင်းပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ ၃၇ လမ်း၊ ၈၁×၈၂ လမ်းကြားရှိ ရတနာကောသဘုရားဝင်းအတွင်း ရတနာဘုမ္မိအရှေ့ရပ်ကွက်အတွင်း ယနေ့နံနက်ပိုင်းက နယ်မြေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထုနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့သည်။

တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ အခြေခံဗီဒီယို ရိုက်ကူးတည်းဖြတ်နည်း သင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၉နာရီအချိန်က  အခြေခံဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဆင်းပွဲကျင်းပသည်။

ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ ထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် (၈)နာရီမှစ၍ ပင်စင်စားများအား ပင်စင်လစာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to