ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်

ပိုင်ကျုံ  ဩဂုတ်  ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက  စာပေချစ်မြတ်နိုးသူများအသင်း  (Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ မြင်းခြံကျော်အောင် ရေးသားသည့် ကြီးပွား‌အောင်ပန်းဆင်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့်စာအုပ်ပါ အကြောင်းအရာ များကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဒေါ်ကြာစေးက အတိုးတက်ဆုံးလူ ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ လူ့ဘဝမှာအပြည့်ဝဆုံး တိုးတက်ပြီး အပြည့်ဝဆုံး အသုံးဝင်တဲ့ လူတစ်ယောက်ဖြစ်လာဖို့အတွက် အတွေး၊ အလိုဆန္ဒ၊ အလုပ်လှဖို့ လိုအပ်သလို ခန္ဓာကိုယ် သန့်ရှင်းသပ်ရပ်ဖို့ လိုအပ်ကြောင်း၊ လူငယ်တွေ အတုယူစရာကောင်းသည့်  ဘဝမှာအတွေးလှပြီး ကြီးပွားအောင်မြင်သည့် တရုတ်နိုင်ငံမှ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည့် အလီဘာဘာ ကုမ္ပဏီက္ကဋ္ဌ ဂျက်မားအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဆက်လက်၍ ဒေါ်နော်ခူးခူးက အရေးအကြီးဆုံးများ၏အန္တရာယ်များ ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ ဘဝမှာသက်ရှည်ကျန်းမာစွာ‌ နေထိုင်နိုင်ဖို့ အသက်အန္တရယ်များ၊ အသိအဉာဏ်၏ အန္တရာယ်များ၊ စည်းစိမ်စ္စာ၏ အန္တရာယ်များ၊ လှပတင့်တယ်မှုနှင့် ဂုဏ်ကျက်သရေတို့၏ အန္တရာယ်များ စသည့်အကြောင်းများ ရှင်းလင်း ဆွေးနွေးခဲ့သည်။

ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းများ ဆောင်ရွက်ခြင်းကြောင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းအချင်းချင်း တစ်ဦးနှင့်တစ်ဦး စာပေအသိပညာများ နှီးနှောဖလှယ်နိုင်ပြီး အကောင်းအဆိုးများကိုလည်း ဝေဖန်ပိုင်းခြားလာနိုင်ပါကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက် )