ရွှေဘို သြဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရုံး Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီချိန်က ရွှေဘိုသွေးစာပေ အနုပညာမဂ္ဂဇင်းစာအုပ်များ လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒန်းပွဲတွင် စာရေးဆရာအသင်းနာယက ဆရာတော်နှင့် စာရေးဆရာအသင်းနာယက ဆရာများဖြစ်သည့် ဆရာဘာမထီခင်အောင်၊ ဆရာရွှေစောသက်၊ အသင်းဥက္ကဋ္ဌဆရာအောသ်ဘုန်းညိုတို့ အဖွင့်အမှာစကား၊ မုဒိတာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်စာရေးဆရာအသင်း နာယကဆရာတော်က ခရိုင်/မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများနှင့် ဝန်ထမ်းများအတွက် မဂ္ဂဇင်းစာအုပ်များ လှူဒါန်းပေးအပ်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်မှ လက်ခံရယူခဲ့ပြီးကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)