ညောင်ဦး ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းနယ်မြေလုံခြုံရေးတရားဥပဒေ စိုးမိုးရေးရပ်ရွာအေးချမ်းသာယာရေး ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာအုပ်စု၊ ကျေးရွာလူထုအခြေပြုခန်းမတွင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးမြု့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးအောင်မင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းတို့ဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်ဘကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် မိတ်ဆက်ပြောကြားကာ ဒေသခံပြည်သူများက ကျေးရွာအလိုက် ဒေသလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်လမ်းကုန်ထုတ်လမ်း၊ အဆောက်အဦ၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူပြု စေရန်မျိုးစေ့မျိုးသန့်များ ထောက်ပံ့နိုင်ရေးနှင့် နိုင်ငံသားတိုင်းနိုင်ငံသားကတ်များ ကွင်းဆင်း ပြုလုပ်ပေးရေး၊ ကျေးလက်စာကြည့်တိုက်တို့ကိုဒေသခံပြည်သူများက ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခဲ့ပြီး ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းကဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတင် ပြဆွေးနွေးချက်များအား ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ