မောက်မယ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲကျင်းပ

မောက်မယ် သြဂုတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ဦး က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းမိုခမ်းက သင်တန်းဆင်း အမှာစကားပြောကြားသည်။

ဆက်လက်ပြီး ခတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(အတွင်းရေးမှူး)နှင့် (အဖွဲ့ဝင်)များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် သင်တန်းနည်းပြဆရာတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းတွင် တက်ရောက်သင်ယူပြီးစီးသည့် သင်တန်းသား/သင်တန်းသူ (၄၅)ဦးတို့က သင်တန်းဆင်းလက်မှတ်များ အသီးသီးလက်ခံရယူခဲ့ပြီး သင်တန်းသူတစ်ဦးက သင်တန်းနည်းပြဆရာအား မေတ္တာလက်ဆောင်များ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)