ကျောင်းကုန်းမြို့ အ.မ.က မြို့သစ်ကျောင်း၌ အသိပညာပေး နယ်လှည့်ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နယ်လှည့်ဟောပြောပွဲကို မြို့သစ်အခြေခံပညာ မူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။

ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို စတင်ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့ နံနက်(၆)နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ကြံခင်းမြို့နယ်အတွင်းရှိ ပင်စင်လစာ ထုတ်ယူမည့်သူဦး ရေစုစုပေါင်း (၁၁၅၄)ဦးရှိရာ နိုင်ငံရေး ပင်စင်စား(၈၇)ဦး၊ ကာကွယ်ရေးပင်စင် (၂၈၃)ဦး၊ မြို့ပြပင်စင်(၇၇၃)ဦးနှင့် ဘဏ်ပင်စင် (၁၁)ဦးရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံက သိရ သည်။

ဒလမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ မြန်မာ့စီးပွားရေး ဘဏ်တွင် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း အဆိုပါ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

တံတားဦးမြို့နယ်အတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်း နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ကွက်အေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြို့ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝနရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးပွဲကို ယနေ့နံနက် (၉) နာရီက တံတားဦးမြို့နယ် မြင်းသည်ကျေးရွာအုပ်စု မြင်းသည်ကျေးရွာ ပုညကာရီရွာလည်ဓမ္ဓာရုံ၌ ကျင်းပကြောင်း သိရသည်။

ကျုံပျော်တွင် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်း ကလေးငယ်(၂၃,၀၀၀)ဦးကျော် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အ‌ခြေခံပညာကျောင်း အသီးသီး၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကလေးငယ် ကလေးငယ်များကို ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဩဂုတ် ၂၁ ရက်အထိ ကလေးငယ် (၂၃,၀၀၀)ဦးကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်‌ကြောင်း သိရသည်။

ညောင်ဦးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အမှတ်(၃)ရပ်၊ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်းခြင်ဆေးဖျန်းခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦးမြို့၊ အမှတ်(၃)ရပ်၊ အောင်သပြေရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းကျောင်းဝင်းအတွင်း ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ပင်စင်ငွေများထုတ်ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)ကို ယနေ့နံနက် (၇)နာရီမှစ၍ ၂၀၂၂-ခုနှစ်၊ ဩဂုတ်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရပါသည်။

တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းလပ်မြို့ရုံး၌ မူးယစ်ဆေးဝါးအကြောင်းအရာများနှင့် ကျန်းမာ‌ရေးအသိပညာပေး နံရံကပ်စာစောင်များ ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့ရှိ မြေစိုက်နံရံပြဘုတ်တွင် မူးယစ်ဆေးဝါးအကြောင်းအရာများနှင့် ကျန်းမာ‌ရေးအကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသက် ၁၂ အထက်နှင့် ၁၂ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ် အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ၊ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက် ၉ နာရီမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(အထက-ခနောင်တို) ကျောင်းခန်းမတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Subscribe to