တမူးမြို့တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ရေစကြိုမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ ပြည်သူ့အငှားအိမ်ရာတိုက်ခန်းများ ပြည်သူများ လျှောက်ထားနိုင်ပြီဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည့် ပြည်သူ့အငှာအိမ်ရာ (၁၂)ခန်း တွဲ (၄)ထပ်၊ အခန်းပေါင်း (၄၈)ခန်းအား ဝင်ငွေနည်းပြည်သူများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး‌ဆွေ၀င်းနှင့်အဖွဲ့သည် နတ်တလင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်၌ တိရစ္ဆာန် ကျန်းမာရေးလုပ်သားသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊  ကံမမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျန်းမာရေးလုပ်သားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ငဖဲမြို့နယ် ဇီးတောကျေးရွာ (အ.လ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ကျောင်းပြင်ပအသိပညာ ဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို သိရှိစေရန်ရည်ရွယ်၍ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဇီးတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့နယ် ပန်တျာအခွန်လွတ်​စျေးအား မြို့​တော်ဝန်နှင့်အဖွဲ့ လာ​ရောက်ကြည့်ရှုစစ်​ဆေး

ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ အရှေ့စျေးလမ်းရှိ ပန်တျာအခွန်လွတ်စျေးသို့ ယ​နေ့နံနက် ၀၆:၁၅ နာရီက ရန်ကုန်တိုင်း​ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်​ဌေးနှင့်အဖွဲ့ လာရောက်၍ ကြည့်ရှုစစ်​ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

သာကေတမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်းရှိ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၄/မြောက် ရပ်ကွက်၊ အောင်ဇေယျလမ်းမကြီးရှိ အုတ်ရေနုတ်မြောင်းအား ယနေ့နံနက်မှ စတင်ကာ တာဝန်ရှိသူများမှ အနီးကပ်ကြီးကြပ်၍ အဆိုပါ အုတ်ရေနုတ်မြောင်းအတွင်းရှိ နုံး၊ သဲ၊ သစ်ရွက်ဆွေးများကို စက်ယန္တရားများဖြင့် ဆယ်ယူဆောင်ရွက်ခဲ့သည်။

ပဲခူးမြို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့ အ. ထ. က (၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ၊ ဟောပြောပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝစေရန် စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to