ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်တလင်း သြဂုတ် ၂၃

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး‌ဆွေ၀င်းနှင့်အဖွဲ့သည် နတ်တလင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့်အဖွဲ့သည် နတ်တလင်းမြို့နယ် တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာအနီး ရေအရင်းမြစ်ရုံးဝန်းအတွင်းရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအား ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး မောင်မောင်အောင်နှင့် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့နယ်၊ ကျွန်းကလေးအုပ်စု၊ မှန်တန်း​ကြီးစံပြကျေးရွာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များကို ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွယ်ခွေကျေးရွာအုပ်စု၊ ကျွန်းကတုပ်ကျေးရွာအနီးရှိ ဆည်မြောင်းရေတံခါး တည်ဆောက်ထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး