ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဆော်ဩခြင်းနှင့် Pump ဆီဆိုင်များအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံပေးနေမှု၊ အပိုဆောင်း Booster Dose ကာကွယ်ဆေးထိုးနှံ‌ရေး အသိပေးဆော်ဩခြင်းနှင့် pump ဆီဆိုင်များအား မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့၊ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ အသိပညာပေးဓာတ်ပုံပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ (Community Centre)ခန်းမ၌ အသိပညာပေးဓာတ်တ်ပုံပြပွဲအား ယနေ့ နံနက် ၉ နာရီအချိန်ခန့်က

ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နဲ့အနာဂတ် စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်ရေး၊ အမိနိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုး၍ ဖွံဖြိုးတိုးတက်အောင် ကြိုးပမ်းရေးအတွက် လူငယ်များ စာပေလေ့လာဖတ်ရှုပြီး ဗဟုသုတ ကြွယ်ဝစေရန်နှင့် အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာ‌ပေဖတ်ရှု ရာမှတစ်ဆင့် အသိပညာ၊ ဗဟုသုများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉:၀၀ နာရီမှ မွန်းတည့် ၁၂:၀၀ အထိ ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နဲ့အနာဂတ် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စာဖတ်ဝိုင်းအား

အားကစားနှင့်ပညာရေး အားကစားနှင့်ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ အထက(ပန်းတင်‌)ကျောင်းတွင် အားကစားနှင့်ပညာရေး အားကစားနှင့်ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။

အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက် (၆) နာရီတွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၌ မသန်စွမ်းလူငယ် (၇၅)ဦးအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်၊ ကျိုက်ဝိုင်းလူငယ်သင်တန်း​ကျောင်း၌ ယ​နေ့နံနက် (၁၀)နာရီအချိန်က မသန်စွမ်းလူငယ် (၇၅)ဦးအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးထိုးနှံ ဆောင်ရွက်​ပေးလျက်ရှိသည်။

စစ်တွေမြို့နယ်အတွင်း ပြည်ထောင်စုရန်ပုံငွေကျပ် ၉၇ ဒသမ ၈၉၃ သန်းဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်းများဆောင်ရွက်

စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂−၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၉၇ ဒသမ ၈၉၃ သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ခရမ်းမြို့တွင် အသက် ၁၈နှစ်အထက်နှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၆ လပြည့်သူများအား Booster ထပ်ဆောင်း ဆက်လက်ထိုးနှံပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၈နှစ်နှင့်အထက်နှင့် အသက် ၁၈နှစ်အထက်ပြည့်ပြီး၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပြီး ၆ လပြည့်ပြီး သူများအား တတိယအကြိမ် Booster Dose ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရမ်းမြို့ အမှတ်(၂) ကြေးသွန်းဘုရားကြီးအတွင်းရှိ သာသနာ့ဗိမ္မာန်ဓမ္မာရုံကြီးတွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ နေ့စဉ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက် ရှိသည်။
Subscribe to