ငါန်းဇွန် ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝစေရန် စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် Grade-7 ကျောင်းသား၊ ကျောင်းသူများက လာရောက်လေ့လာကြည့်ရှုကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးနှင့် ဝန်ထမ်းများက လှည့်လည်ရှင်းလင်းပြသကြပြီး ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက လူကုန်ကူးမှုပပျောက်ရေးပညာပေးဆွေးနွေးဟောပြောပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူရေးရာ အသိပညာပေးအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား ဆွေးနွေးဟောပြော၍ စားသုံးသူများ လေ့လာသိရှိစေရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေးပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)