ရေစကြိုမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရေစကြို ဩဂုတ် ၂၃

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ရေစကြိုမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ အထူး သဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာတားဆီးကာကွယ် ပေးကြရန်၊ ဥပဒေအရ တရားဝင်အလုပ် လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးကြရန်၊ အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးကြရန်တို့ ပါဝင်ကြောင်း သိရသည်။

မောင်လုလင် (ရေစကြို)