သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး (Talk Show) ကျင်းပခြင်း

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိသင့်သိထိုက်သည်များကို အများပြည်သူသိရှိစေရန်ရည်ရွယ်၍ အသိပညာပေး (Talk Show) ကျင်းပဆောင်ရွက်မှုကို ယနေ့နံနက် (၁၀)နာရီက ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre)တွင် ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုဒေသတွင် စီးပွားဖြစ်နနွင်းတိုးချဲ့စိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် ယခင်က နနွင်းကို စီးပွားဖြစ်စိုက်ပျိုးမှုများမရှိခဲ့ကြသော်လည်း ယမန်နှစ်က နနွင်းတက်အခြောက်များ စျေးကောင်းရရှိခဲ့၍ ယခုနှစ်တွင် ဒေသခံတောင်သူများက စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာ လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အထက ကျွဲခြံကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်က လမင်းတစ်ရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ် အင်းနက်ကျေးရွာတွင် ကျေးရွာမတည်စီမံကိန်း( VRFP )ရန်ပုံငွေ ကွင်းဆင်းထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် မုန်းဇလဲ ကျေးရွာအုပ်စု၊ အင်းနက်ကျေးရွာတွင် ကျေးရွာနေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေးရွာ မတည်ရံပုံငွေစီမံကိန်း (VRFP) စီမံကိန်းချေးငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်‌ကျွေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရ ဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile library စနစ်ဖြင့် အခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုအား အသိပညာဗဟုသုတတိုးပွားစေ‌ရေးအတွက် စာအုပ်စာစောင်များ ငှားရမ်းနိုင်ရန် Mobile libraryကို ယမန်နေ့ နေ့လယ် ၁နာရီ အချိန်က မင်းပြားမြို့နယ် ဘူးပင်(အမက)၌  စာအုပ်စာစောင်များကို အခမဲ့ဌားရမ်းပေး လျက်ရှိသည်။

ပေါက်ခေါင်းမြို့၌ လူသုံးကုန်ပစ္စည်းရောင်းချသည့်ဆိုင်များရှိ သွားတိုက်ဆေးဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ က ပေါက်ခေါင်းမြို့ မြို့မစည်ပင်သာယာဈေးကြီးအတွင်းရှိ လူသုံးကုန်ပစ္စည်းများ ရောင်းချနေသောဈေးဆိုင်များရှိ သွားတိုက်ဆေးဘူးများတွင် သတ်မှတ်ကုန်အမှတ်အသားတံဆိပ်များ ပြည့်စုံပါဝင်ခြင်း ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များ၊ မီးဖွားပြီး မိခင်များ၊ မွေးကင်းစကလေးငယ်များ အားကွင်းဆင်း၍ အခမဲ့ကြည့်ရှုစစ်ဆေးပေး

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက် ဓမ္မာရုံတွင် ယမန်နေ့က မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များ၊ မီးဖွားပြီးမိခင်များ၊ မွေးကင်းစကလေးငယ်များအား ကွင်းဆင်း၍ အခမဲ့ကြည့်ရှုစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့က မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
Subscribe to