ဒဂုံမြို့နယ် ပန်တျာအခွန်လွတ်​စျေးအား မြို့​တော်ဝန်နှင့်အဖွဲ့ လာ​ရောက်ကြည့်ရှုစစ်​ဆေး

ဒဂုံ သြဂုတ် ၂၃

ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ အရှေ့စျေးလမ်းရှိ ပန်တျာအခွန်လွတ်စျေးသို့ ယ​နေ့နံနက် ၀၆:၁၅ နာရီက ရန်ကုန်တိုင်း​ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်​ဌေးနှင့်အဖွဲ့ လာရောက်၍ ကြည့်ရှုစစ်​ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် စျေးဆိုင်ခန်းများ တည်ခင်းရောင်းချမှု၊ ဆန်ကုန်သည်ကြီးများအသင်းမှ စျေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချမှု၊ သန့်ရှင်းမှု ရှိမရှိ၊​ စျေးသည်များ စနစ်တကျ​ရောင်းချအခြေအနေများအား စစ်​ဆေး၍ လိုအပ်သည်များ မှာကြားခဲ့သည်။ ထို့နောက် ပြည်သူများအား ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် စသည့် အ​ခြေခံစား​သောက်ကုန်များ​စျေးနှုန်းသက်သာစွာ လာ​ရောက်​ရောင်းချ​ပေးနိုင်​ရေးအတွက်​ ဆွေး​နွေး​ပြောကြားခဲ့ကြ​ကြောင်း သတင်းရရှိသည်။

​မေသန္တာ