ခန္တီး ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီမှဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြု ပြင်ထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများကပေးအပ်ရာ အသီးသီးလက်ခံရယူခဲ့ကြသည်။ ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ခန္တီးမြို့ခရီးစဉ်လမ်း ညွှန်မှာကြားချက်အရ တိုင်ဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး (၁)လတာကာလ သင်ကြားပို့ချခဲ့ပြီး ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)