ရမ်းဗြဲ ဩဂုတ် ၂၄
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီအလွတ်တန်း အမျိုးသား (၂) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရမ်းဗြဲမြို့ ကျောက်တိုင်ကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်များကို ရွတ်ဆိုကြသည်၊ ယင်းနောက် ရမ်းဗြဲမြို့၊ အမှတ်(၂)အခြေ ခံပညာအထက်တန်းကျောင်း (ပုလုပ်တောင်) မှ ကျောင်းသူလေးများမှ အဖွဲ့လိုက်၊ တစ်ဦးချင်းအလိုက် Fitness Dance အကများဖြင့် ကပြ ဖျော်ဖြေပေးကြသည်။
ယခုကျင်းပလျက်ရှိသော ပြိုင်ပွဲသို့ ရမ်းဗြဲမြို့နယ်တွင်းမှ အားကစားအသင်းများသာမက မြို့နယ်ခြားများဖြစ်ကြသော ကျောက်ဖြူမြို့နယ်မှ(၅)သင်း၊ တောင်ကုတ်မြို့နယ်မှ(၁) သင်း မာန်အောင်မြို့နယ်(၁)သင်း၊ ရမ်းဗြဲမြို့နယ်အတွင်းမှ (၁၄) သင်း စုစုပေါင်း (၂၁) သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
အောင်နိုင်(ပြန်/ဆက်)