နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အန္တရာယ်ကင်းပရိတ်တရားနာနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူပွဲ ကျင်းပ

နမ္မတူ ဩဂုတ် ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ အန္တရာယ်ကင်းပရိတ်တရားနာနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အဆိုပါကျောင်းရှိ သစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး ပင့်ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ဩကာသကန်တော့ချိုးဖြင့် ရိုသေစွာပူဇော် ကန်တော့ပြီးဆရာတော်အရှင်သူမြတ်များမှ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ပွားပူဇော်ပေး ခဲ့သည်။

ဆက်လက်၍ ဆရာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ နေ့ဆွမ်း၊ ခဲဘွယ်၊ ဘောဇဉ်တို့ဖြင့် ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိရွှေစင်ဦးထံက သိရသည်။

လူမော် (ပြန်/ဆက်)