ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ဘိုကလေး ဩဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်များအား ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လစဉ်သတ်မှတ်ရက်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအား  ယနေ့ နံနက်(၁၀)နာရီမှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး ဩဂုတ် (၂၆)ရက်နေ့ အထိ (၃)ရက်တာ ဆက်လက်ထိုးနှံပေးမည်ဖြစ်သည်။

ထိုးနှံပေးရာတွင် ဘိုကလေးမြို့နယ် ကျက်သရေဆောင် မြို့မဆွမ်းလောင်းအသင်း ဓမ္မာရုံကြီး၌ ထိုးနှံပေးခြင်း ဖြစ်ပြီး ၎င်းကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်များအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် အတူ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ယနေ့ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံဝင်းမှ လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)