ကန်ကြီးထောင့်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး

ကန်ကြီးထောင့် သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း က သြဂုတ်လအတွင်း ရောက်ရှိလာသော စာအုပ်များမှ ကျန်းမာရေးအသိပညာပေး ဆောင်းပါးများနှင့် နေ့စဉ် ထုတ်သတင်းစာ ဗဟုသုတ အစီအစဉ်များကို  ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်ရုံး စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊ သမီးငယ်လေးများအတွက် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ မြို့နယ် ဦးစီးအရာရှိနှင့် ဝန်ထမ်းများက Online မှ တစ်ဆင့် သုတ၊ ရသ စာအုပ်မိတ်ဆက် အစီအစဉ်၊ ဆေးရောင်ခြယ် အစီအစဉ်၊ ပုံပြောခြင်း အစီအစဉ်၊ ကဗျာလေးတွေရွက်ကြမယ် အစီအစဉ်၊ စက္ကူအရုပ် ခေါက်အစီအစဉ်များကို စဉ်ဆက်မပြတ် ကန်ကြီးထောင့်မြို့နယ် ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)

ကန်ကြီးထောင့် (ပြန်/ဆက်)