ပုသိမ်ကြီး သြဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင်း နယ်မြေများလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှုး ဦးအောင်ဆွေ၏ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြင့်ဦး ဦးဆောင်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြိုနယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့က ပေါက်မြိုင်ကျေးရွာအုပ်စု၊ လှိုင်းပေါက်ကျေးရွာရှိ ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးမှ နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုးက တွေ့ဆုံပွဲကျင်းရခြင်းနှင့်ပတ်သက်၍ ပြည်သူများအားရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆွေးနွေးတင်ပြမည့်အကြောင်းအရာများကို ပြည်သူများနှင့် မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ဗိုလ်မှူးဝေယံမင်းမှ တွေ့ဆုံပွဲနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်မင်းမင်းမြင့်မှ ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ဦးစီးဌာန၏ မဟာဗျူဟာ၊ နည်းဗျူဟာများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ ရပ်ရွာတွင်လိုအပ်လျက်ရှိသည့် ကျောင်းဆရာများရရှိရေး၊ ကျောင်းတွင်အားကစားကွင်းရရှိရေး၊ ကျေးရွာတွင်းလမ်းခင်းကျင်းလိုခြင်းကိစ္စ၊ စိုက်ပျိုးရေးစရိတ်များကြီးမြင့်နေမှုအခြေအနေ၊ လျှပ်စစ်မီးပုံမှန်ရရှိရေး တို့နှင့်ပတ်သက်၍ တောင်ခံတင်ပြခြင်းများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ သက်ဆိုင်ရာဌာနအလိုက် တာ၀န်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများမှ ဌာနအလိုက် ပြည်သူ့၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို တစ်ဦးချင်းအလိုက် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ကျန်းမာရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာရေး (Booster) ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)