ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ်တွင် မိုးစပါးဆင်းသုခ (၁၀)ဧက စံပြစိုက်ပျိုးထားခြင်းအား ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အတူအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုးစပါးဆင်းသုခ(၁၀)ဧကစံပြ စိုက်ပျိုးထားခြင်းကို ကြည့်ရှု့အားပေးခဲ့သည်။

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ (၃/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို သက်ဆိုင်ရာအစိုးရဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အကာအကွယ်ပေး ဆောင်ရွက်နိုင်ရန် အတွက် ကယားပြည်နယ်၊ လွိုင်ကော်မြို့ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ကယားပြည်နယ် စားသုံးသူရေးရာ ကော်မတီ (၃/၂၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့သည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီး အန္တရာယ်အသိပညာပေး (Talk Show)ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆေးလိပ်နှင့်ဆေးရွက်ကြီး အန္တရာယ်အသိပညာပေး (Talk Show) ကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့၌ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံ နှမ်း၊ မြေပဲနှင့် နေကြာအဓိကစိုက်ပျိုးသည့် ဒေသခံတောင်သူများအား မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ က ပေါက်ခေါင်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်တွင် ကျောင်းကျန်းမာရေးဟောပြောပွဲအဖြစ် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အကြပ်အင်းကျေးရွာအုပ်စု၊ အကြပ်အင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းကျန်းမာရေးဟောပြောပွဲအဖြစ် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌  (၃၆) ကြိမ်မြောက် ဆွမ်းဆန်တော်လှူဒါန်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗုဒ္ဓသာသနာပြုဗိမာန် တော်ကြီး၊ ဝါတွင်းသီလပေးပွဲနှင့် အောင်ဇေယျတုဆန်လှူအသင်း၏ (၃၆)ကြိမ်မြောက် မဟာသံဃိက၊ မဟာတဏ္ဍုလဒါန ဆွမ်းဆန်တော်လှူဒါန်းခြင်းနှင့်

မြစ်ကြီးနားခရိုင်၌ လယ်ယာစိုက်ပျိုးသည့် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးပေးလျက်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တာလောကြီးကျေးရွာမှ လယ်ယာစိုက်ပျိုးသည့် တောင်သူများအား ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြစ်ကြီးနားခရိုင် ဘဏ်ခွဲ၌ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးပေးခဲ့ကြသည်။

ကော့မှူးမြို့တွင် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေးအသိပညာပေး

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်း သွားလာကြသောပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
Subscribe to