သီပေါမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမတွင် နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြသခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီက နံရံကပ်စာစောင်၊  ဓာတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြပွဲ

မအီမြို့တွင် ငှက်ဖျားကင်းစင်ပပျောက်ရေးအဖွဲ့ (URC) လပတ်အစည်းအဝေး ပြုလုပ် ဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် တောင်ကုတ်မြို့နယ်အတွင်း ငှက်ဖျားကင်းစင်ပပျောက်စေရေးအတွက် ကွင်းဆင်း ကုသဆောင်ရွက်လျက်ရှိသည့် တောင်ကုတ်မြို့နယ်၊ ငှက်ဖျားကင်းစင်ပပျောက်ရေးအဖွဲ့ (URC)က ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ဝန်ထမ်းများနှင့် လပတ်အစည်းအဝေး ပြုလုပ်ဆောင်ရွက်ခြင်းကို  ယနေ့နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ် "မြသုခ" အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် "မြသုခ"အစိုးရ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအား ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးခန်းမ၌ ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ လက်ပံတန်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့်အဖွဲ့သည် လက်ပံတန်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဆင်းရဲနွမ်းပါးပြည်သူများအား ဆန်ရိက္ခာများအခမဲ့ ဖြန့်ဝေပေးနိုင်ရေးအတွက် စာရင်းကောက်ယူခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)မှ ထောက်ပံ့မည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)မှ ဦးဆောင်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များမှ အမှတ်(၉၃) ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးလက်လုပ်လက်စားပြည်သူများထံသို့ တစ်အိမ် တက်ဆင်းသွားရောက်၍ ယမန်နေ့ နံနက် (၉) နာရီမှ ညနေ (၆)နာရီအထိ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နတ်တလင်းမြို့နယ်၌အသက် ၆လမှ ၅နှစ်အထိ ကလေးငယ်များအား ဗီတာမင်Aနှင့် သန်ချဆေးတိုက်ကျွေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ အသက် ၆ လမှ ၅ နှစ်အရွယ်အတွင်း ကလေးငယ်များကို ဗီတာမင် A နှင့် သန်ချဆေးများ တိုက်ကျွေးပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ဇီးကုန်းလေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တိုက်ကျွေးပေးလျက်ရှိသည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ မှန်လုံအိမ်ဓာတ်ငွေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေးဌာနတို့ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် အကြောင်းသိရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ မှန်လုံအိမ် ဓာတ်ငွေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ရမ်းဗြဲမြို့နယ်၌ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေးနှင့် သန်ချဆေးများ တိုက်ကျွေး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အသက်(၅)နှစ်အောက်ကလေးများ ဗီတာမင်အေဆေးနှင့် သန်ချဆေးများတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၈နာရီ မှ ညနေ ၄ နာရီထိ  တိုက်ကျွေးလျက်ရှိကြောင် းသိရသည်။

သီပေါမြို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲ သို့ ယနေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to