ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ဒဂုံတောင်  ဩဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်ကြောင်း သိရသည်။

အသိပညာပေး (Talk Show)တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေး က အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ပြောကြားရာတွင်  မိဘပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ပြင်ဆင်မှုဆိုင်ရာ ဗဟုသုတများ ရရှိနိုင်စေရန်အတွက်  ပြောကြားခြင်းဖြစ်ကြောင်းနှင့် မြေငလျင်လှုပ်ရခြင်းအကြောင်း မိုးကြိုး မုန်တိုင်းအကြောင်းများအား  ဆက်လက်ပြောကြားသည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေး က သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာများဖြစ်သည့် အစီအစဉ်ရေးဆွဲထားရှိရန်၊ အစီအစဉ်ရေးဆွဲရာတွင် သဘာဝဘေးအန္တရာယ် အမျိုးအစား၊ ယခင်ကကျရောက်ခဲ့ဘူးသည့် အခြေအနေများ အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ထားရန်များ စသဖြင့်ရှင်းလင်း ပြောကြားသည်။

အဆိုပါ Talk Show အစီအစဉ်အား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းအေး(ဒဂုံတောင်)