သင်္ဃန်းကျွန်း ဩဂုတ် ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆေးလိပ်နှင့်ဆေးရွက်ကြီး အန္တရာယ်အသိပညာပေး (Talk Show) ကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်နှင့် ဒုတိယဦးစီးမှူး ဦးထွန်းထွန်းတို့ ပူးပေါင်း၍ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနားလည်ပြီး ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ် က ဆေးရွက်ကြီး၊ ဆေးလိပ်အန္တရာယ်၊ အသိပညာပေးမှုများ၊ မူးယစ်ဆေးကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဦးထွန်းထွန်းမှ မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခံစားရမည့် လူမှုရေးဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများ စသည့်တို့ကို ပြန်လည်ဆွေးနွေးခဲ့သည်။
ကိုဘုန်း(သင်္ဃန်းကျွန်း)