မြစ်ကြီးနားခရိုင်၌ လယ်ယာစိုက်ပျိုးသည့် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးပေးလျက်ရှိ

မြစ်ကြီးနား ဩဂုတ် ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တာလောကြီးကျေးရွာမှ လယ်ယာစိုက်ပျိုးသည့် တောင်သူများအား ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြစ်ကြီးနားခရိုင် ဘဏ်ခွဲ၌ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးပေးခဲ့ကြသည်။

ရှေးဦးစွာ ကချင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က မိုးစပါးစိုက်ပျိုး စရိတ်ထုတ်ချေးပေးမှုများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တာလောကြီး ကျေးရွာမှ လယ်ယာစိုက်ပျိုးသည့် တောင်သူ (၂၈၈)ဦး စိုက်ပျိုးဧက (၂,၅၉၆) အတွက် (၁) ဧကကို ငွေကျပ် (၁) သိန်းခွဲနှုန်းဖြင့် ငွေကျပ် (၃,၈၉၄) သိန်း ထုတ်ချေးပေးခဲ့‌ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြစ်ကြီးနားခရိုင် ဘဏ်ခွဲအနေဖြင့်  ယခုနှစ်အတွင်းစိုက်ပျိုးစရိတ် ငွေကျပ် (၂၆,၉၇၁) သိန်းကျော် ထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော စိုက်ပျိုးစရိတ် ငွေကျပ် (၈,၃၄၁) သိန်းကျော်ကို စက်တင်ဘာလ ဒုတိယပတ်ခန့်တွင် အပြီး ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြစ်ကြီးနားခရိုင်ဘဏ်ခွဲခရိုင် မန်နေဂျာဦးလဒွဲက ပြောကြားသည်။

ယော်ဆောင်(ပြန်/ဆက်)