မင်းလှ ဩဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အတူအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုးစပါးဆင်းသုခ(၁၀)ဧကစံပြ စိုက်ပျိုးထားခြင်းကို ကြည့်ရှုအားပေးခဲ့သည်။
ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဝက်လှကြီးအုပ်စု၊ ညောင်နီကုန်းကျေးရွာအနီး ဦးပိုင်အမှတ်(၁၇)၊ ကွင်းအမှတ်(၁၁၀၃)၊ တောင်သူဦးထွန်းဇော်၏ လယ်မြေ(၁၀) ဧက၌ စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးနည်းပညာအကူအညီဖြင့် စိုက်ပျိုးထားသည့် ဆင်းသုခစပါးစိုက်ခင်းအား ကြည့်ရှု့အားပေးကာ တစ်ဧက ပျမ်းမျှ အထွက်နှုန်း(၁၀၀)ကျော် ထွက်ရှိနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးနည်းပညာများဖြင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ ကုန်ကျစရိတ် သက်သာသည့် နည်းလမ်းများအား တီထွင်ကြံဆ ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)