အလုံမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်
ကျောင်းသား၊ ကျောင်းသူများ ခြင်ကြောင့်ဖြစ်ပေါ်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြောင်း သိရသည်။