သာယာဝတီမြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စျေးဆိုင်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံ မှန်ကန်မှုရှိစေရေး စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စျေးဆိုင်များတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဒေါ်အေးသန္တာထွန်းနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခွဲက စစ်ဆေးခဲ့ ကြောင်း သိရသည်။

ရွှေတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် (2nd Booster Dose) ဆက်လက် ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသုံးကြိမ်ထိုးနှံပြီး သူများအား စတုတ္ထအကြိမ် (2nd Booster Dose) ထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ရွှေတောင်မြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိသည်။

စဉ့်ကိုင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ စီမံကိန်းရေးဆွဲနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ နံနက်(၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပင်းတယမြို့ Community Centre ခန်းမ၌ "တိရိစ္ဆာန်များ"ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပင်းတယမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် တိရိစ္ဆာန်များရောဂါ၊ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး TAIK SHOW ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ရှိ မွေးမြူရေးဒီပလိုမာ သင်တန်းကျောင်း တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့်စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်)တွင်မွေးမြူရေးဒီပလိုမာသင်တန်းကျောင်းအတွက် အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများအား ယမန်နေ့နံနက် ၁၁ နာရီခန့်က သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မော်ချီးကျေးရွာအုပ်စု၊ သဘာဝဘေးဒဏ်ခံစားရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ တောင်ပေါ်ကျေးရွာတွင် သြဂုတ်လ ၂၃ ရက်နေ့က သဘာဝဘေးဒဏ်၊ မြေပြိုဘေးခံစားရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ညနေပိုင်း က မော်ချီးတောင်ပေါ်ကျေးရွာ၊ (အမက)ကျောင်းရုံးခန်း၌ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မိုင်းယောင်းခရိုင် အုပ်ချုပ်ရေးမှူး ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဒွန်းနွဲ့နှင့်မိုင်းလွေကျေးရွာအုပ်စုမှ

လွိုင်လင်မြို့၌ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်‌(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း (ပြည်နယ်/ပြည်ထောင်စု) ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လျာထားအဆိုပြုချက်များနှင့်ပတ်သက်သော ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေး(၁/၂၀၂၂)ကို ယမန်နေ့နံနက်(၁၀)နာရီ က ကျင်းပသည်။

မိုင်းယုမြို့၌ ဝါတွင်းကာလ(ပထမအကြိမ်) ဆွမ်းဆန်၊ ဆီများ စုပေါင်းလှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် မြို့မိမြို့ဖများဦးစီး ဆောင်ရွက်သော (ပထမအကြိမ်) “ဝါတွင်းကာလ ဆွမ်းဆန်၊ ဆီ” စုပေါင်းလှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့မရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to