ရခိုင်ပြည်နယ်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ ကြီးကြပ်မှုဖြင့် စစ်တွေမြို့အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေး အသိပညာပေးခြင်းနှင့် စစ်ဆေးဆောင်ရွက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ စစ်တွေမြို့ မေယုလမ်းမကြီးတစ်လျှောက်နှင့် လူစည်ကားရာ မီးပွိုင့်လမ်းဆုံများတွင် ဆောင်ရွက်ခဲ့သည်။