စလင်း သြဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုဗဟိုပြုဌာနတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းကပြသထားရာ ကျောင်းသား၊ ကျောင်းသူကလေးများမှ စိတ်ပါ ဝင်စားစွာ ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ စလင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့် ပြည်သူလူထုအများ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နံရံကပ်စာစောင်တွင်ပါရှိသည့် အချက်အလက်များဖြစ်သော လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းလုပ်ငန်းစဉ် ကဏ္ဍ(၅)ရပ်တွင်ပါရှိသည့် မူဝါဒနှင့်ပူးပေါင်းဆောင်ရွက်ရေး (Policy and Cooperation) ကြိုတင်တားဆီးကာကွယ်ရေး (Oreveation) တရားစွဲဆိုရေး (Prosecation)၊ လူကုန်ကူးခံရသူများကာကွယ် စောင့်ရှောက်ရေး (Pratection)၊ စွမ်းရည်မြှင့်တင်ရေး (Capacity Building)နှင့်၊ နည်းဗျူဟာ(၃)ရပ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း(အဆက်) မဟာဗျူဟာ(၂)ရပ်၊ အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်ခြင်း စသည့် အချက်များပါဝင်ပြသထားသည့် လူကုန်ကူးမှုနှင့်သိသင့်သိထိုက်သည့် ပညာပေးကဏ္ဍများပါဝင်သည့် နံရံကပ်စာစောင်အား ကျောင်းသား၊ ကျောင်းသူကလေးငယ်များက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)