စစ်တွေမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

စစ်တွေ သြဂုတ် ၂၆

ရခိုင်ပြည်နယ်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ ကြီးကြပ်မှုဖြင့် စစ်တွေမြို့အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေး အသိပညာပေးခြင်းနှင့် စစ်ဆေးဆောင်ရွက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ စစ်တွေမြို့ မေယုလမ်းမကြီးတစ်လျှောက်နှင့် လူစည်ကားရာ မီးပွိုင့်လမ်းဆုံများတွင် ဆောင်ရွက်ခဲ့​သည်။

ထိုသို့ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းည်းကမ်း အသိပညာပေးခြင်းနှင့် ယာဉ်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် (၅) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံး၊ ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများနယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များမှ ပူးပေါင်းအင်အား (၂၅ )ဦး ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး အသိပညာ ပေးခြင်းလုပ်ငန်းများကို သြဂုတ် ၂၅ ရက်မှစတင်၍ နေ့စဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)