သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်မှု လွှမ်းခြုံနိုင်ရေး Booster (CoviShield) အား အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံနိုင်ရေးအတွက် ကာကွယ်ဆေး ထိုးပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင်စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြသည်။

လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စာပေစကားဝိုင်းနှင့် ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ  ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ကလေးခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံလမ်းညွှန်မှု ခံယူပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် ကလေးခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအားတွေ့ဆုံ လမ်းညွှန်မှုခံယူပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်စုပေါင်းရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလိမိတက်၊ ရွှေမန်းသူအဝေးပြေးကားဝင်းသို့ မြို့နယ်လူမှုဖူလုံရေးရုံးမှကြီးကြပ်၍ နယ်လှည့် ဆေးကုသရေးယာဉ်ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် လူမှုဖူလုံရေးရုံးမှကြီးကြပ်၍ Mobile Medical Unit (MMU) စနစ်ဖြင့် စက်ရုံ၊ အလုပ်ရုံများ အရောက် နယ်လှည့်ကုသရေးယာဉ်ဖြင့် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉) နာရီအချိန်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလိမိတက်၊ ရွှေမန်းသူအဝေးပြေးကားဝင်းသို့ နယ်လှည့်ကုသရေးယာဉ်ဖြင့် ကျန်းမာရေးစစ်ဆေးခြင်း များ ကွင်းဆင်းဆောင်ရွက်‌ပေးကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ် ​​​​​​​​​​​​မြောက်ပိုင်းရပ်ကွက်၌ အိုမီခရွန် မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော်

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံ​ရေး အတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊လူမှု​ဝန်ထမ်းဦးစီးဌာနနှင့်​စေတနာ့ဝန်ထမ်းများက ယ​နေ့ နံနက်(၁၀)နာရီက ​တောင်ပိုင်းရပ်ကွက်၌ အသိပညာ​ပေး နှိုး​ဆော်ခြင်းများဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးပြုစုနည်း အသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး ရှေးဦးပြုစုနည်း အသိပညာပေး (Talk Show) ကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်သည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် ရုံးဌာနများနှင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့် စဉ်ဆက် မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာ စေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က သမဝါယမဦးစီးဌာန၊ မုဆိုးကွင်းကျေးရွာနှင့် ကျိုက်ညီနောင်ကျေးရွာများသို့ သုတရသစာအုပ် စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြ သည်။

ကမမောင်းမြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်အကြောင်း သိကောင်းစရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉မျိုးကွဲ အိုမီခရွန်အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀) နာရီက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Subscribe to