မဟာအောင်မြေမြို့နယ် ပေါက်မြိုင်ဘုန်းကြီးကျောင်း၀န်းအတွင်းရှိ မဟာအောင်မြေဓမ္မာရုံ၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မဟာအောင်မြေ ဩဂုတ် ၂၆

မဟာအောင်မြေမြို့နယ်၊ စစ်ကြောင်းကြီး(၅)ကြောင်းပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်၊ ၈၀×၈၁ လမ်းကြား၊ ၄၀×၄၁ လမ်းကြား၊ ပေါက်မြိုင်ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ မဟာအောင်မြေဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက နယ်မြေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ လူထုနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ ဗိုလ်မှူး ဆွေလွင်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန လဝကမှူး ဦးသန့်ဇင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးဦးစီမှူး ဒေါက်တာချောချောနိုင်၊ မြို့နယ်မီးသတ် ဦးစီးဌာနမှူး ဦးညွန့်ဝင်းအောင်၊ မြို့နယ်ဒုပညာရေးမှူး ဦးလွမ်းဇေ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မြို့နယ်ဦးစီးမှူး ဦးရဲမင်းလွင်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးဇော်ဇော်ထွန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်၊ မြို့နယ်၊ မြို့နယ်လျှပ်စစ်ရုံးမှ လိုင်းတာဝန်ခံဦးအေးဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ၊ ရာအိမ်မှူးများ စုစုပေါင်း အင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရပ်ကွက်အတွင်းတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြနိုင်ရေးအတွက် ချပြရှင်းလင်းခြင်း၊  မစဖအဖွဲ့ဝင်-၁ မှ အကြမ်းဖက်အဖွဲ့အစည်းများ ကြောင့် ပြည်သူများ၊ ဝန်ထမ်းများသေဆုံး/ဒဏ်ရာရခဲ့မှုများ၊ နိုင်ငံတော်၏ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ချပြရှင်း လင်းခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ရပ်ကွက်အတွင်း ပြည်သူများအေးချမ်းသာယာစွာနေထိုင်နိုင်ရေး ဆောင်ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ရန်နှင့်  နယ်စပ်ရောက်နေသူများနေဖြင့် မိမိရပ်ကွက်အတွင်း ပြန်လည်ဝင်ရောက်လိုပါက ကြိုဆိုလက်ခံဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မြို့နယ်ဦးစီးမှူးမှ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်များ၊ လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံသားအားလုံး ဆန္ဒမဲပေးပိုင်ခွင့်ရရှိရေးဆောင်ရွက်နေမှုအခြေအနေများအား ချပြရှင်းလင်းခြင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ မှတ်ပုံတင်ဆောင်ရွက်ပေးနေမှုများ၊ လူတိုင်းမှတ်ပုံတင်ကိုင်ဆောင်နိုင်ရေးချပြရှင်းလင်းခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးမှူးမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး၊ ကိုယ်ဝန် ဆောင်မိခင်စောင့်ရှောက်ရေး၊ (၁)နှစ်အောက်ကလေးတိုးချဲ့ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းဆောင်ရွက်နေသည့်ကိစ္စရပ်များအား ရှင်းလင်းခြင်း၊  မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှ ပြည်သူများအနေဖြင့် နိုင်ငံတော်သို့ ပေးဆောင်ရသည့် လျှပ်စစ်မီတာခများအား ပေးဆောင်ရန်လိုကြောင်း ချပြရှင်းလင်းခဲ့ပြောကြားပြီးနောက် ပြည်သူများမှ လျှပ်စစ်မီးလင်းရေးကိစ္စရပ်များ၊ လမ်းမီးလင်းရေးကိစ္စရပ်များနှင့် မှတ်ပုံတင်ရေးရရှိရေး တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများအား ဆောင်ရွက်ပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း