ထားဝယ်မြို့တွင် ကွန်ပျူတာကျွမ်းကျင်မှုမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှကြီးကြပ်၍ ကွန်ပျူတာကျွမ်းကျင်မှုမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ထပ်ဆောင်း (Booster Dose) စတုတ္ထအကြိမ် ဆက်လက်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသော ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဇီးကုန်းလေးရပ်ကွက်၊ သကျမဟာမြတ်မုနိဘုရားကြီး၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ ပျော်ရွှင်စေရန် ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသားလူငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျောင်းပိတ်ရက်အတွင်း ပြပွဲ ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး ရက်သတ္တပတ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး ရက်သတ္တပတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စကုမြို့ရှိ ရှေးဟောင်းယဉ်‌ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ဆောင် ပြုပြင်ထား

စကုမြို့တွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ပုဂံခေတ်များမှ  ယနေ့အထိ မပျက်မယွင်း တည်ရှိနေသော ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးစသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို  ပြန်လည် ဖော်ဆောင် ပြုပြင်ထားကြောင်း စကုမြို့ သမိုင်းသုတေသီ ဦးဇော်မျိုးဦးထံမှ သိရသည်။

ပထမအကြိမ် ဖရဲအလုံးကြီးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပမည်

ဖရဲသီးဈေးကွက် ပိုမိုကြီးထွားဖွံ့ဖြိုးလာစေရန်အတွက်ရည်ရွယ်၍ ပထမအကြိမ် ဖရဲသီးအလုံးကြီးပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။

ဆီဆိုင်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ လူကုန်ကူးမှု တားဆီးကာကွယ် ရေးအဖွဲ့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ

တောင်ကြီးမြို့၌ ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေနေထိုင်ခြင်း အသိပညာပေး Talk Show ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီး၊ ဘက်စုံသုံးခန်းမတွင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေနေထိုင်ခြင်းအသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။

ကျောက်ဆည်မြို့နယ်တွင်  မိုးစပါးသီးနှံ(၅၂၈၁၇)ဧကလျာထားပြီး သိပ္ပံနည်းကျစနစ်ဖြင့်(၁၂၈)ဧကစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၌ မိုးစပါးသီးနှံ(၅၂၈၁၇)ဧက လျာထားပြီး သိပ္ပံနည်းကျစနစ်ဖြင့် (၁၂၈)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပခုက္ကူခရိုင်စားသုံးသူရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် မွန်းလွဲ ၁ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။
Subscribe to