မိုင်းရှူးမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

မိုင်းရှူး  သြဂုတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သွားရောက်ဆောင်ရွက်ခဲ့သည်။                                                 

စာအုပ်စာစောင်များငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်ဝန်ထမ်းများ အတွက်ရည်ရွယ်ပြီး သုတ၊ ရသ၊ ဝတ္ထုနှင့် မဂ္ဂဇင်းများ စုစုပေါင်း (၆၀)အုပ်ကို  အပတ်စဉ် ရုံးဌာန / ကျောင်းများတို့  Mobile Library စနစ်ဖြင့် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)