လွိုင်လင် ဩဂုတ်၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ခြင်းအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လွိုင်လင်ခရိုင်ရုံး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေက ပြည်သူများအသိပညာဗဟုသုတရရှိရန် အသိပညာပေး (Talk Show)ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်မိုးမှပလပ်စတစ် ညစ်ညမ်းမှု၏ ဆိုးကျိုးများနှင့်ပလပ်စတစ်သုံးစွဲမှုလျော့ချရေး ဖြေရှင်းရမည့်နည်းလမ်းများ၊ ပလပ်စတစ် စွန့်ပစ်ပစ္စည်းများစနစ်တကျ စွန့်ပစ်ကျရေးစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ(Talk Show)အစီအစဉ်ကို ပြည်သူလူထုများအသိပညာဗဟုသုတရရှိစေရန်အတွက် လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်ထားသည့် (Township Loilem Page ) နှင့် (လွိုင်လင်ခရိုင် ပြည်သူ့စာကြည့်တိုက် Fb Page )တို့တွင် လွှင်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)