ထားဝယ် ဩဂုတ် ၂၇
ဩဂုတ်လ ၁၈ နှင့် ၁၉ ရက်နေ့တွင် ကျင်းပြုလုပ်ခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ် တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေး ဦးစီးမှူးများ၏ (၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကိုယနေ့နံနက် ၉နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတရား လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမတွင် Video Conference စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ် ပိုက်ပိုက်အေးကမှုခင်းများ ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာပြီးပြန်စေရေး၊ တရားမမှုများတွင်တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စနစ်အောင်မြင်စွာဆောင်ရွက်သွားနိုင်ရေး၊ တရား စီရင်ရေးမဟာဗျူဟာ စီမံကိန်း(၂၀၁၈-၂၀၂၂)ရည်မှန်းချက်များအောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်ပြောကြားတဲ့ပြည် ထောင်စုတရားသူကြီးချုပ်၏လမ်းညွှန်မှာကြားချက်များနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးများ၏ တရားစီရင်ရေးဆိုင်ရာလမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးများက မိမိတို့၏တရားစီရင်ရေးအတွေ့ အကြုံများကို ဆွေးနွေးမှာကြားပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူးက လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်များ၊ တိယညွှန်ကြားရေးမှူးချုပ်များနှင့်ညွှန်ကြားရေးမှူးများကမှာကြားခဲ့သော စီမံခန့်ခွဲရေးနှင့်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)