ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကင်း သြဂုတ် ၂၇

နှစ်စဉ်မိုးတွင်းကာလ၌ ကြုံတွေ့နေရသည့် ရေကြီးရေလျှံဘေးမှ ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်  ဌာနဆိုင်ရာများမှ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို အပတ်စဥ်စနေနေ့တိုင်း နံနက် နာရီမှ ၉ နာရီအထိ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင်  မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းတူးဖော်ရေး လုပ်ငန်းများကိုလည်း ယနေ့နံနက်ပိုင်းက အမှတ်(၁၄) ရပ်ကွက်၊ အမှတ်(၁၀) အခြေခံပညာ မူလတန်းကျောင်းဝန်း အတွင်း/အပြင်၌  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်   ရေမြောင်းများအတွင်းရှိ နှုံးများ၊ အမှိုက်များနှင့် မြက်ပင်များကို ဆယ်ယူရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် မြေတူးခြင်း၊ မြေညှိခြင်းလုပ်ငန်းများနှင့် မြောင်းဘောင်မြှင့် တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက် မြို့နယ်အတွင်းသန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်ရေးအတွက်  အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၏ အကူအညီဖြင့် မြို့နယ်သန့်ရှင်းရေး၊ ကျောင်းများလှပရေးနှင့် ခြင်အန္တရာယ်ကင်းဝေးစေရေးအတွက် သာယာလှပရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးတွင် အရှိန်အဟုန်မြှင့်  ပူးပေါင်းလုပ်ဆောင်သူများကို  စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သတင်းရသည်။

အိရွှေစင်( ပြန်/ဆက်)