ဒေါပုံမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း အမှုဆောင်အသစ်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပဆောင်ရွက်

ရန်ကုန်  သြဂုတ် ၂၇

 ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ချစ်စုဝေကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဗဟိုစာရေးဆရာအသင်းမှ စာရေးဆရာကြီး ပုသိမ်အောင်သန်းဦးကအမှာစကားပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်အမှု ဆောင်အသစ် ရွေးချယ်ပွဲကို ဆက်လက်ဆောင်ရွက်ရာ အမှုဆောင်အဖွဲ့ဝင်() ဦးကို အဆိုပြုခဲ့ကြပြီး ထောက်ခံသူ ရာခိုင်နှုန်းထက်ဝက်ကျော်ရရှိပြီး အတည်ပြုခဲ့ ကြသည်။ ဆက်လက်၍ အဆိုပါ အမှုဆောင်() ဦးအား ဥက္ကဋ္ဌ () ဦး၊ အဖွဲ့ဝင် () ဦး၊ ဘဏ္ဍာရေးမှူး () ဦး၊ အတွင်းရေးမှူး () ဦးအဖြစ် ထပ်မံ၍ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အဆိုပါ ဒေါပုံမြို့နယ် စာရေးဆရာအသင်း အမှုဆောင်အသစ်ရွေးချယ်တင်မြှောက်ပွဲသို့ မြို့နယ် စာရေးဆရာအသင်းဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)