သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ ဖာလာသီးဆွတ်ခူးခြင်းလုပ်ငန်းစတင်လုပ်ကိုင်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ဖာလာပင်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ဖျာပုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး (TABLE TALK EXERCISE) ဆွေးနွေးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ TABLE TALK EXERCISE ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန် က ဖျာပုံမြို့နယ် မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ပြုလုပ်သည်။

ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင်း နယ်မြေများ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၏ အနီး ကပ်ကြီးကြပ်မှု၊ မြို့နယ်စီမံ အုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ဦးဆောင်သည့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြိုနယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများသည် ယမန်နေ့က သမ္မတော ကျေးရွာအုပ်စု၊ သမ္မတောကျေးရွာရှိ ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ပထမအကြိမ် ဖရဲသီးပြိုင်ပွဲကျင်းပ

ပထမအကြိမ် ဖရဲသီးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၆ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ ပရိယတ္တိသာသနာ့ဟိတအသင်းဝင်းအတွင်း ရွှေမြင်းတန်ဆောင်းတွင် ကျင်းပသည်။

မိုင်းယောင်း၌ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တက်ညီလက်ညီဆောင်ရွက်ပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယနေ့နံနက်ပိုင်းက မိုင်းယောင်းမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တက်ညီလက်ညီ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသော ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ ဂုဏ်ပြုစကား ပြောကြားသည်။

သီပေါမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (၂၇)တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းသင်တန်း ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ဒေသန္တရကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ပညာရေးဦးစီး ဌာနတို့ ပူးပေါင်းပြီး အခြေခံပညာအထက်တန်းကျောင်း (၂၇) အောင်တံခွန်ခန်းမတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က ကျန်းမာရေးမှတ်တမ်းကတ်ဖြည့်သွင်းခြင်းသင်တန်း ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြိုနယ်တွင်  Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း လမ်းခင်းခြင်းနှင့် ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ၇၀ ရာခိုင်နှုန်းပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ပွေးစုံကုန်း(ပြည့်စုံကုန်း)ကျေးရွာတွင်  Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်းခင်းခြင်းနှင့် ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း   သိရသည်။

ကျောက်ဆည်မြို့နယ် ဆည်ကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်းများ ဂျင်းကျောက်မြေခင်းခြင်းနှင့် စိုက်ပျိုးရေပေးမြောင်းတူးဖော်ပေးခြင်းလုပ်ငန်းများရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါနှင့် အခြားသောဘေး အန္တရာယ်များ၏အကျိုးဆက်များကြောင့် လူမှုစီးပွားဘဝထိခိုက်လျက်ရှိသော ပြည်သူများအား ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက် အအုံများ၊ဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုယ်တိုင်လုပ်ကိုင်စေပြီး ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်စေရန် Cash for work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ဆည်ကုန်းကျေးရွာ တွင် Cash for work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ ဂျင်းကျောက်မြေခင်းခြင်းနှင့် စိုက်ပျိုးရေပေးမြောင်း တူးဖော်ပေးခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။

စာဖတ်စာငှားမိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့စနစ်တကျငှားရမ်းပေး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေးကျန်းမာရေး စီးပွားရေးလူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာ‌စောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Subscribe to