ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်

ပုသိမ်ကြီး   သြဂုတ်  ၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင်း နယ်မြေများ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၏ အနီး ကပ်ကြီးကြပ်မှု၊ မြို့နယ်စီမံ အုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ဦးဆောင်သည့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြိုနယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများသည် ယမန်နေ့က သမ္မတော ကျေးရွာအုပ်စု၊ သမ္မတောကျေးရွာရှိ ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးမှနှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် လက်ရှိကောင်အထည်ဖော်ဆောင်ရွက်နေသည့် စစ်ကြောင်း ကြီးများ၏ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများတစ်ဦးချင်း မိတ်ဆက်ပေးကာ တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးတင်ပြမည့် အကြောင်းအရာများကို ပြည်သူများအား ရှင်းလင်းပြောကြားခဲ့ပြီနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) ဗိုလ်မှူး ဝေယံမင်းနှင့် အဖွဲ့၀င်များက ကဏ္ဍကြီး (၅) ရပ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဥ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးစန်းယုလှိုင် (လက်ထောက်ညွှန်ကြားရေးမှူး)မှ ကျေးလက်နေပြည်သူများအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းနှင့်စီမံကိန်းဆိုင်ရာများ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး ဖွင့်လှစ် သင်ကြားပေးနေသည့် အသက်မွေး၀မ်းကြောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးနေမှုတို့ ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲ သို့တက်ရောက်လာသူများမှ လျှပ်စစ်မီတာပေးဆောင်ရခြင်းနှင့် ပတ်သက်သည့်အခက်အခဲများ၊ ရပ်ရွာလုံခြုံရေးအတွက် ရွာ၀င်/ထွက် တံခါး အချိန်ပိုင်း ပိတ်လိုမှု၊ ကျေးရွာအတွင်းရှိ ရေနီမြောင်းများ ရေထုတ်မြောင်းများ ကောင်းမွန်မှုမရှိခြင်းကြောင့် လယ်ယာမြေ ရေ၀င်ရောက်မှု အခြေအနေများ၊ သွင်းအားစုဓါတ်မြေသြဇာများ ရာသီအမီပံ့ပိုးကူ ညီပေးစေလိုခြင်း အစရှိသည့်ကိစ္စရပ်များအပေါ်  သက်ဆိုင်ရာ ဌာနအလိုက်တာ၀န်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြည့်ဆည်းပေးခြင်းများဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်များအပေါ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ဆွေနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့၀င်များက ထပ်ဆင့်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဌာနဆိုင်ရာတာ၀န်ရှိသူများမှ ၄င်းတို့ဌာနများအလိုက် ပြည်သူ့အကျိုးပြု  အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)